.လေးစားတန်ဖိုးထားကြမယ်ဆိုရင်

ဂုဏ်.ပကာသနတွေ ဖယ်လိုက်ရင်..လူလူချင်းအတူတူပါဘဲ..ဘာလို့ မာန်မာန တက်နေကြမှာလဲ.ဘာလို့ ပြိုင်နေကြမှာလဲ... ဂါရဝ ဆိုတာက တစ်ဖက်သားအပေါ် လေးစားလာတဲ့သဘော၊ နိဝါတ ဆိုတာ မိမိကိုယ်ကို နှိမ့်ချတဲ့သဘော၊ ကျိုးနွံလာတဲ့သဘောပေါ့။

ဆရာနဲ့ တပည့်....မိဘနဲ့ သားသ္မီး..သူငယ်ချင်း.အချင်းချင်း..မိတ်ဆွေ အချင်းချင်း..ချစ်သူသ္မီးရီးစား.အချင်းချင်းတွေမှာ..အပြောအဆို အမူအရာ.အနေအထိုင်.ဆက်ဆံတဲ့ နေရာမှာ ဒီလိုဘဲ..တစ်ယောက်နဲ့ တစ်ယောက်.လေးစားကြမယ်.အလေးထားမယ်..တန်ဖိုးထားမယ်..ရိုရိုသေသေ ဆက်ဆံကြမယ်..ဆိုရင်..အင်မတန်မှကောင်းကြမှာပါ..ဆရာက.မာန်မာနဲ ဆိုရင်..အကြီးတန်လွန်းလှပါတယ်...ဒီလိုပါဘဲ..တပည့်ရဲ မာန်မာန နဲ့ .နေမယ်ဆိုရင်..မအေးချမ်းနိုင်ပါဘူး.အဆင်မပြေနိုင်ပါဘူး....မိဘနဲ သားသ္မီးလဲ .ဒီအတိုင်းပါဘဲ....ချစ်သူသ္မီးရီးစားတွေလဲ..ဒီအတိုင်ပါဘဲ...သူငယ်ချင်းတွေလဲ..ဒီအတိုင်းပါဘဲ...တစ်ယောက်နဲ တစ်ယောက်လေးစားမှု့ .သိခံခွင့် လွတ်မှု့ ..စာာနာသနားညှာတာမှု့ ..လေးစားတန်ဖိုးထားကြမယ်ဆိုရင်...လောကကြီးက အေးချမ်းနေမှာပါ..

အဘိဝါဒန သီလိဿ ၊ နိစ္စံ ဝုဍ္ဎာပစာယိနော ။

စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ ၊ အာယု ဝဏ္ဏော သုခံ ဗလံ”

အဘိဝါဒန သီလိဿ - ရှိခိုးထိုက်သူကို ရိုသစွာ ရှိခိုးလေ့ရှိသော၊ နိစ္စံ - အမြဲမပြတ်၊ ဝုဍ္ဎာပစာယိနော- မိမိထက် အသက် ၊ဂုဏ်အားဖြင့် ကြီးသူကို ရိုသေလေ့ရှိသော ပုဂ္ဂိုလ်အား ၊အာယု -အသက်ရှည်ခြင်းသည်လည်းကောင်း ၊ ဝဏ္ဏော- အဆင်းလှခြင်းသည်လည်းကောင်း၊ သုခံ - ကိုယ်စိတ်ချမ်းသာခြင်းသည် လည်းကောင်း ၊ ဗလံ - ကိုယ်အားဉာဏ်အား ကြီးခြင်းသည်လည်းကောင်း ၊ စတ္တာရော -လေးပါးကုန်သော ၊ ဓမ္မာ -အကျိုးတရားတို့သည် ၊ ဝဍ္ဎန္တိ - တစ်နေ့တခြား တိုးပွားကုန်၏ ။’ တဲ့ဗျ။ တောင်းပန်တယ် ဆိုမှတော့ ကန်တော့ကြတော့ တာပဲ၊ အရိုအသေ ပေးကြတော့တာပဲ ..

......

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

အားလုံးဘဲ တစ်ယောက်ကို တစ်ယောက် လေးစားချစ်ခင် တန်ဖိုး ထားနိုင်ကြမယ်ဆိုရင်.ချမ်းမြေ့ ပျော်စရာကောင်းတဲ့ ..မိသားစု.ဆရာ.တပည့် ..ညီအကို မောင်နှမ..သူငယ်ချင်း..မိတ်ဆွေ..တွေ ဖြစ်နိုင်.ထားနိုင်..ပိုင်ဆိုင်နိုင်ကြပါစေ.....လို..

ဆုတောင်းပေးလိုက်ပါတယ်....


kozaw ta { Dhamma Mee Ein }

Popular Posts