ဖြစ်နေတဲ့ ပြဿနာက ..စကားနှစ်ရပ်...
"ကာကွယ် စောင့်ရှောက်"  နဲ့  "လေးစားလိုက်နာ" ...
အနက် အဓိပ္ပါယ် ကွားခြားတယ်ဆိုတာကိုလည်း အားလုံးအသိ .....
ဒီနေရာ မှာ NLD အနေနဲ့  "ကာကွယ် စောင့်ရှောက်"  ဆိုတဲ့ စကားရပ်အစား ....
"လေးစားလိုက်နာ"ဆိုတဲ့ စကားရပ် နဲ့ ပြောင်းလဲပေးပါလို့   ဆိုရေး/ ဆိုခွင့်...  ရှိ / မရှိ ....

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် စာမျက်နှာတွေကို ပြန်လှန်ကြည့်လိုက်ပြန်တော့ ...
ကော်မရှင် ဥပဒေမှာလည်း  စကတည်းကိုက ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ် လို့ ဆိုထားပြီးသားပါ ..
ဒါပေမယ့် .. နိုင်ငံတော်သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ အခါမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ
NLD ပါဝင်သင့်တယ်..  NLD ကလည်း ပါဝင်ပါ့မယ် ..  ဒါပေမယ့်     အဲ့ဒီအချက်ကို ပြုပြင်ပေးပါ လို့ အဆိုပြုခဲ့တဲ့
အတွက် မှတ်မှတ်ရရ ၂၀၁၁ -ခုနှစ်၊ နိုဝင်ဘာ(၄)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ရွေးကောက်ပွဲကော်မရှင်က
ပြင်ပေးလိုက်တယ် ဆိုတာ ဖတ်လိုက်ရတော့ ...၀မ်းမြောက်မိတာ အမှန်ပါ ...

တကယ်တန်းပြောရရင် NLD ဟာ " လေးစားလိုက်နာပါမည်" ဆိုတဲ့ စကားရပ် နဲ့ ကြားဖြတ်ရွေးကောက်ပွဲ မှာ
ဝင်ရောက်ခဲ့တာပါ ... အခု လွှတ်တော်ကို ၀င်မယ်ဆိုပြန်တော့ .. ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ ကို ရည်ညွန်း
ထားတဲ့ ဇယား(၄)မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကတိသစ္စာပြုချက် (သို့) ကျန်းသစ္စာကျိန်ဆိုချက်နေရာမှာက
ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ဖြစ်နေပြန်ရော ... အဲဒီမှာ အခက်အခဲ..အဖုအထစ်လေး  ဖြစ်နေတာပါ....
ဒီနေရာမှာ ...
ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်ကို ပြောင်းလဲရမှာဖြစ်လို့ ကော်မရှင်ကလည်း သူတို့လုပ်လို့မရဘူး ဆိုနေပြန်သလို
ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်ဖြစ်နေလို့ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒသဘောထားနဲ့လည်း ပြောင်းလို့ မရနိုင်ဘူး
လို့  ဆိုနေကြပြန်တယ်...

သို့ဆိုလျှင်... ဘာဆက်လုပ်ကြမည်နည်း...
ဒီအတိုင်းပဲ ထားမလား..စာအုပ်ကြီးအတိုင်း သွားမလား...
ဒီအတိုင်းပဲထားပြီး ... စာအုပ်ကြီးအတိုင်းသွားခဲ့လျင် ..ပြည်သူတစ်ယောက်အနေနှင့် စိုးထိတ်မိပါသည်..စိုးရိမ်မိပါသည်...
အဘယ်ကြောင့်ဆိုသော်  ရွေးကောက်တင်မြောက်ခံထားရသော ကိုယ်စားလှယ်သည်(၁၅)ရက်ဆက်တိုက် လွှတ်တော်
တက်ဖို့  ပျက်ယွင်းလျင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်  မှ  ပါယ်ဖျက်ပြစ်လို့  ရနိုင်တာ မလို့ပါ....

မဖြစ်သင့်တာတွေ..မဖြစ်ရလေအောင်.. ပြည်သူ့မျက်နှာကို ကြည့်ပေးကြပါလားဗျာ...
နည်းလမ်းတွေ ရှိနေတာမလို့  ပြေလည်အောင် မဆောင်ရွက် ပေးနိုင်ကြတော့ဘူးလားဗျာ....
ကျွန်တော် ဘယ်သူ.. ဘယ်သူကို မှ အပြစ်တင်နေတာ မဟုတ်ပါဘူး...

သို့ဆိုလျှင် ယခုဖြစ်ပေါ်နေသော အခက်အခဲ အဖုအထစ်ကို ဖြေရှင်နိုင်မည့် နည်းလမ်း မရှိတော့ဘူလား ဟု
လက်ရှိ ရှိနေသည့် လမ်းကြောင်းပေါ်မှာပင် စဉ်းစားမိသည်..။
တဖက်က ဆိုသလို ဖွဲ့စည်းပုံအခြေခံဥပဒေထဲက စကားရပ် ဖြစ်နေတာမလို့ ဆိုခဲ့လျှင် ယင်းဖွဲ့စည်းပုံ အရပင် ယခု
တက်ရောက်နေသော  လွှတ်တော်ကိုယ်စားလှယ်များ၏့  20% အတည်ပြုပေးလျှင်  NLD ၏ အဆို စကားရပ်ကို
တရားဝင် ပြောင်းလဲပေးလို့ ရနိုင်ပေသည်.... တစ်ခုတော့ ရှိပေသည်...
လွှတ်တော်တွင် ကိုယ်စားလှယ် အများဆုံး တည်ရှိနေသော ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ ပါဝင်ဖို့ လိုပါသည်...
လက်ရှိလွှတ်တော်တွင် တက်ရောက်နေကြသော ဒီမိုကရေစီလွှတ်တော်ကိုယ်စားလှယ်များ နှင့် ပြည်ခိုင်ဖြိုး
ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့်  ဆောင်ရွက်နိုင်သည်  ဟု အပြည့်အ၀ ယုံကြည်မိပါသည်....
ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏ အသိအမှတ်ပြုခြင်း ခံရနိုင်သော အခွင့်အလမ်းတစ်ရပ်
လက်ဝယ်ရာက်ရှိနေသည်ဟုပင်  ဆိုလိုက်ချင်ပါသည်...

လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်  NLD နှင့်  ပူးပေါင်းဆောင်ရွက်နိုင်ရန် အလို့ငှါ ....
 " လေးစားလိုက်နာပါမည်" ဆိုသော  စကားရပ် နှင့်   ကြားဖြတ်ရွေးကောက်ပွဲ မှာ   NLD ၀င်ရောက်ခဲ့သလို
လွှတ်တော်အတွင်းသို့   " လေးစားလိုက်နာပါမည်" ဆိုသော  စကားရပ်နှင့်ပင်  ၀င်ရောက်နိုင်ရန် ဆောင်ရွက်
လုပ်ဆောင်ပေးစေလိုပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည်ဖြစ်သည် ။

သမိုင်းကိုပြန်ကြည့်ရင် ၉၀ -ရွေးကောက်ပွဲကာလတုန်းက...  .... ...... .သဏ္ဍန်တူ ..... ဖြစ်ခဲ့တာမလို့ ........
ပေါင်းလောင်းဓါတ်အားပေးစက်ရုံကြီးကို ဂျပန်အင်ဂျင်နီယာတွေ လုပ်ရင်းကိုင်ရင်း  အိမ်ပြန်ကုန်လို့ တရုတ်ကြီးနဲ့
ခရီးဆက်ခဲ့ရသည် .. လောပိတ ဓါတ်အားပေးရုံကို ပြန်လည်မွန်းမံမှု လုပ်ပေးနေကြတဲ့ ဂျပန်အင်ဂျင်နီယာတွေလည်း
အိမ်ပြန်ကုန်ကြလေသည်... အခြား အကြောင်းအချင်းရာ အမြောက် အများရှိနေပါသေးသည်...
နောက်ဆုံး နိဂုံးအဆုံးသတ်လိုက်တော့ ..
တိုင်းပြည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နဲ့ ပြည်သူတွေရဲ့ဘ၀တွေ အရှုံးကိုသာ ရင်ဝယ်ပိုက်ခဲ့ရလေတော့သည်..
တိုးတက်ဖွံ့ဖြိုးမှုတွေ အားလုံး  ဆုံးရှုံး နစ်နာခဲ့ရသည်...

ယခုဆိုလျှင် နိုင်ငံတော်သမ္မတကြီး  နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် သိသာ
မြင်သာသော ဖွံ့ဖြိုးမှု လမ်းစများကို တွေ့မြင်နေရပါပြီ... ဖွံ့ဖြိုးတိုးတက်ဖို့  နိုင်ငံတကာက အကူအညီတွေကလည်း
တာဆူနေကြပါပြီ..  ဘွဲ့ရ လူငယ်တွေအတွက် လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ လှမ်းမျှော်ကြည့်လို့ ရနေပေပြီ...
မြို့ပြစနစ်တွေ တည်ဆောက်ဖို့ ..  စက်ရုံ အလုပ်ရုံ နည်းပညာတွေ တိုးတက်ဖို့ ..  ငွေကြေးစနစ်တွေ  ခိုင်မာဖို့ ..
လမ်းစတွေလည်း အများအပြား မြင်တွေ့နေရပြီဖြစ်သည်...
ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် သိသာ မြင်သာသော အောင်မြင်မှု သာဓက ရလာဒ်များပင် ဖြစ်တော့သည်..

အကယ်၍များ....
ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တော့ဘူး ဆိုခဲ့လျှင်... ဒုံရင်း ..ဒုံရင်း ..ပြန်ဖြစ်မှာ စိုးရိမ်မိပါသည်...
နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှင့်  ပြည်သူ လူထု ..အနာဂတ်လူငယ်တို့၏ လုပ်အားရင်းမြစ်...
အရှုံးကိုသာ ရင်ဝယ်ပိုက်ရန် ရှိတော့သည်။

ထို့ကြောင့် ...
NLD အနေဖြင့်  " လေးစားလိုက်နာပါမည်" ဆိုသော  စကားရပ် နှင့်   ကြားဖြတ်ရွေးကောက်ပွဲ မှာ ၀င်ရောက်ခဲ့သလို
လွှတ်တော်အတွင်းသို့   " လေးစားလိုက်နာပါမည်" ဆိုသော  စကားရပ်  ဖြစ်မှသာ ၀င်ရောက်မည်လား..
(သို့တည်းမဟုတ်....)
လက်ရှိ လမ်းကြောင်းအရ .. လွှတ်တော်တွင်ရှိနေကြသော ကိုယ်စားလှယ်များကလည်း  NLD နှင့် ပူးပေါင်းဆောင်ရွက်
လိုပါသည်ဟု ဆိုပြီး    လွှတ်တော်ကိုယ်စားလှယ်များ၏့   20% ဖြင့်   NLD ၏   အဆို စကားရပ်ကို အတည်ပြုပေး၍
လွှတ်တော်သို့ လက်တွဲ ခေါ်ဆောင်ကြမည်လား ....
( လက်ရှိအနေအထားအရ  NLD အနေဖြင့် လွှတ်တော်သို့ ၀င်ရောက်ခဲ့ပါကလည်း တက်ရောက်ခွင့်ရသည့်သူများဖြင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကြီးမားသည့် အပြောင်းအလဲ ပြုပြင်ရန် မစွမ်းသာသေးပါလျှက် ...    
ပြည်သူ့လွှတ်တော်  မှ   ဖြေလျော့၍   NLD နှင့် လက်တွဲရန် လိုက်လျောမှု မပြုနိုင်ကြတော့ဘူးလား....)

မည်သို့ပင်ဆိုစေကာမူ ...
ဖွံ့ဖြိုး တိုးတက်သော အနာဂတ် နိုင်ငံတော်သစ် အတွက်....
               ပြည်သူ့မျက်နှာကိုသာ ကြည့်ပေးကြပါ ....ဟု ..ဆန္ဒပြုရင်း ....
               ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည်  ဖြစ်သည် .....

                                                                                             လေးစားစွာဖြင့် .....
                                                                                         

Comments

Popular Posts