ဒီကနေ့ ခေတ်ကာလက တိုးတက်ဖွံ့ဖြိုးခြင်းနဲ့အတူ အကောင်း အဆိုးက ဒွန့်တွဲ လာနေသလားလို့ ဆိုရမလို
ဖြစ်နေတယ်..   တစ်နေ့က ကျောင်းနေဖက် သူငယ်ချင်းရဲ့ သားငယ်လေး မွေးတုန်းက အကောင်း   အခုမှ
မိဘတွေက သတိထားမိကြတာ...   အာရုံ စူးစိုက်လိုက်ရင် မျက်စိတဖက်က တစ်ဘက်ကို ပါပါသွားတာ .. ...
ကလေးက အခုမှ (၇)နှစ်သားပဲ ရှိသေးတယ် ... မျက်စိအထူးကု ကို သွားပြတော့ ကလေးက ဘုတ်က စာ
အသေးစာလုံးတွေကို  မဖတ်နိုင်တော့ဘူး ...  စာလုံး တော်တော်ကြီးမှ  ဖတ်နိုင်တော့တယ်....

ရင်းမြစ်ကို စမ်းစစ်လိုက်တော့... ကလေးက မိုးလင်း အိပ်ရာထရင်  လက်ကိုင် Game နဲ့ အိပ်ယာက  နိုးထ
တတ်တယ်လေ ..    အားရင် အားသလို Game ဆော့ ကစားတတ်တယ်..   ပြဿနာက အဲဒီက စတယ်လို့
ပြောရင် ရနိုင်တယ် ..   တကယ်တော့ ကလေးငယ်တွေရဲ့  မျက်စိကြွက်သားတွေက ငယ်ရွယ်စဉ်မှာ အလွန်
နုနယ်တယ်လို့ ဆိုတယ်...    ကလေးက  အာရုံ တအားစူးစိုက်တော့  မျက်စိရဲ့  အလယ် ကြွက်သားတွေကို
သွားထိခိုက်တယ် ..    အာရုံ တအားစူးစိုက်တဲ့အခါမှာ   မျက်စိ တဖက်က လိုက်နိုင်ပေမယ့်   ကျန်တဖက်က
မလိုက်နိုင်တော့ပဲ တဖက်ကို ထွက်သွားတာတဲ့ .. အဲဒီတော့ မျက်စိ ဆလင်ဒါ စောင်းသွားတယ်နဲ့ တူပါတယ်..
ကလေးငယ်တိုင်းတော့ ဖြစ်ချင်မှ ဖြစ်မှာပါ ...

ဒီလို မျက်စိ တဖက်ပါနေတဲ့ ဖြစ်ရပ်ကို မိဘတွေအနေနဲ့ ကလေးအသက် တစ်နှစ်သား နှစ်နှစ်သားကတည်းက
ဂရုပြုမိရင် ကုရတာ ပိုလွယ်ကူတယ်လို့လဲဆိုပါတယ်..  အခု ကလေးက (၇)နှစ်သားအရွယ်မှ သတိထားမိတာ
ဆိုတော့ နဲနဲ ခက်မယ်နဲ့ တူပါတယ်..    ကုထုံးက ဆေးထိုး/ဆေးစား စရာမလိုဘူး .. မျက်စိ ကြွက်သားတွေကို
ပုံမှန်ပြန်ဖြစ်အောင် မိဘတွေက  ဂရုစိုက် လေ့ကျင့်ခန်းလုပ်ပေးရမှာပါ..  ဆလင်ဒါပါနေတဲ့ မျက်စိကို ပြန်တည့်
အောင် မျက်စိ စမ်းသပ်စက်နဲ့ စစ်ဆေးပြီး ဆလင်ဒါပါတဲ့ မျက်မှန်တပ်ရပါလိမ့်မယ်...     နောက်ပြီး မျက်မှန်ကို
တဖက်ပိတ်ပြီး တဖက်တည်းကြည့်စေပြီး တစ်နာရီလောက် မျက်စိလေ့ကျင့်ခန်းလုပ်ပေးရမှာ ..
တဖက်ပိတ် တဖက်ကြည့်ရမယ့် သဘောပေါ့ ... နောက် လေ့ကျင့်ခန်း တစ်ခုက  ခဲတံ တစ်ချောင်းကို မျက်စိ
နှစ်ဖက်နဲ့  အာရုံစိုက်ကြည့်ခိုင်းပြီး   မျက်စိအနားကို တဖြေးဖြေး တိုးလာခဲ့ရင်  တစ်နေရာအရောက်မှာ  မျက်စိ
တဖက်က အလယ်ကို စုမလာနိုင်တော့ပဲ တဖက်ထွက်သွားတယ်လေ....     အဲ့သလို   ထွက်သွားတဲ့ နေရာကို
မှတ်ထားပြီး ခဲတံကို အဝေးကနေ မျက်စိဘက်ကို ပြန်ကပ်လာစေပြီး   ရှေ့တိုး နောက်ဆုတ် လုပ်ပေးရင်လည်း
မျက်စိ အလယ်ကြွက်သားတွေ ပြန်အားကောင်းလာစေပြီး တချို့လည်း ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်...
ကလေးအသက် ဆယ်နှစ်ကျော်မှ မျက်စိကြွက်သားတွေက ပုံမှန်ပြန်ဖြစ်တယ်လို့လဲ ဆိုပါတယ်...

တကယ်လို့များ ကလေးက အရွယ်ရောက်လာပေမယ့် မျက်စိက တဖက်ပါနေအုံးမယ်ဆိုရင်တော့ ပြန်တည့်
အောင်လုပ်လို့ရတဲ့ နည်းလမ်းရှိတယ်လို့လဲ သိရပါတယ်.. ကျွမ်းကျင်တဲ့ မျက်စိအထူးကု ဆရာဝန်ကြီးတွေက
မျက်စိထဲက ကြွက်သားတွေကို ခွဲစိတ်ပြုပြင်ပြီး နေသားတကျ ပြန်ဖြစ်အောင်လုပ်လို့ ရနေပြီလို့လဲ ဆိုပါတယ်..
နည်းပညာ ရဲ့ တိုးတက်မှုကလည်း အံ့မခန်းပါဘဲ ...

ဘာပဲဖြစ်ဖြစ် သဘာဝအတိုင်းကတော့ အကောင်းဆုံးပဲနေမှာပါ...ဆိုလိုချင်တာက ...
ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကို  ဂရုစိုက်ပြီး ကြည့်ပေးကြပါ ..  တစ်စုံ  တစ်ခု ထူးခြားနေခဲ့ရင် နားလည်
တတ်ကျွမ်းတဲ့  ဆရာဝန်တွေနဲ့   အချိန်ဆွဲမနေပဲ   ငယ်စဉ်ကလေးဘ၀ကတည်းက   ကုသမှုကို ခံယူကြပါ..
အခုလောလောဆယ် ကလေးငယ်အများစု  မျက်စိ တဖက် ပါနေရတဲ့ အကြောင်းအရင်းက မွေးရာပါ မဟုတ်ပဲ
Game အလွန်အကျွံဆော့တဲ့ ပြဿနာပါ..   Game ရဲ့ သဘာဝကလည်း  တဖက်ကကြည့်ရင် ကလေးတွေကို
ထက်မြက်စေတာ မှန်ပေမယ့်   အလွန်အကျွံ ဆော့ကစားရင် မျက်စိကို ထိခိုက်စေတယ်ဆိုတာပါပဲ ..

ဒါကြောင့် ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘောင်လောကရပ်ဝန်းမှာ အလုပ်တာဝန်တွေ များပြားတဲ့ကြားက
မိမိရဲ့ ရင်သွေးငယ်လေးတွေကို ဂရုစိုက်ပေးကြပါ ...လို့ ဆန္ဒပြုရင်း .. ... ... ... ...
သူငယ်ချင်းရဲ့ သားငယ်လေး မျက်စိတဖက် ပြန်တည့်ပါစေလို့သာ တောင်းဆုချွေမိပါရဲ့ ......

လေးစားစွာဖြင့် .. ...

Comments

Popular Posts