"ဣနြေ္ဒငါးပါး စင်ကြယ်ကြောင်း အခြင်းအရာ တစ်ဆယ့်ငါးပါး"

"ဣနြေ္ဒငါးပါး စင်ကြယ်ကြောင်း အခြင်းအရာ တစ်ဆယ့်ငါးပါး"

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရာမ်ဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟုခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့ ဣနြေ္ဒတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-

(၁) သဒ္ဓိနြေ္ဒ၊

(၂) ဝီရိယိနြေ္ဒ၊

(၃) သတိနြေ္ဒ၊

(၄) သမာဓိနြေ္ဒ၊

(၅) ပညိနြေ္ဒတို့တည်း။

ရဟန်းတို့ ဣနြေ္ဒတို့သည် ဤငါးပါးတို့တည်း။

၁၈၅။ ဤဣနြေ္ဒငါးပါးတို့သည် အဘယ်မျှသော အခြင်းအရာတို့ဖြင့် စင်ကြယ်ကုန်သနည်း။ ဤ ဣနြေ္ဒငါးပါးတို့သည် တစ်ဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့် စင်ကြယ်ကုန်၏။
..................................................................

- မယုံကြည်သော ပုဂ္ဂိုလ် တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊

- ယုံကြည်သော ပုဂ္ဂိုလ်တို့,ကို မှီဝဲဆည်းကပ် အနီး အရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊

- ကြည်ညိုဖွယ် သုတ္တန်တို့ကို ဆင်ခြင်သော ပုဂ္ဂိုလ် အားလည်းကောင်း ဤ အခြင်းအရာ သုံးပါးတို့ဖြင့် သိဒ္ဓိနြေ္ဒသည် စင်ကြယ်၏။
..................................................................

- ပျင်းရိကုန်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊

- အားထုတ်အပ်သည့် ဝီရိယရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊

- ဝီရိယနှင့်စပ်သော သုတ္တန်တို့ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာ သုံးပါးတို့ဖြင့် ဝီရိယိနြေ္ဒသည် စင်ကြယ်၏။
................................................................

- သတိလွတ်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊

- ထင်သောသတိရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊

- သတိပဋ္ဌာန် သုတ္တန်တို့ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာသုံးပါးတို့ဖြင့် သတိနြေ္ဒသည့်စင်ကြယ်၏။
................................................................

- မတည်ကြည်ကုန်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊

- တည်ကြည်သော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊

- ဈာန်ဝိမောက္ခတို့ ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာသုံးပါးတို့ဖြင့် သမာဓိနြေ္ဒသည် စင်ကြယ်၏။
...............................................................

- ပညာနည်းသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊

- ပညာရှိပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊

- နက်နဲသောဉာဏ်နှင့်စပ်သော တရားကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤအခြင်းအရာသုံးပါးတို့ဖြင့် ပညိနြေ္ဒသည် စင်ကြယ်၏။
..................................................................

ဤသို့ ဤငါးပါးသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်အားလည်းကောင်း၊ ငါးပါးသော ပုဂ္ဂိုလ်တို့ကို စိတ်ဖြင့် မှီဝဲဆည်းကပ် အနီးအရပ်၌ ရိုသေစွာနေသော ပုဂ္ဂိုလ်အားလည်းကောင်း၊ ငါးပါး သော သုတ္တန်အစုတို့ကို ဆင်ခြင်သော ပုဂ္ဂိုလ်အားလည်းကောင်း ဤတစ်ဆယ့်ငါးပါးသော အခြင်းအရာ တို့ဖြင့် ဤဣနြေ္ဒငါးပါးတို့သည် စင်ကြယ်ကုန်၏။

{ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ မဟာဝဂ်၊ ဣနြ္ဒိယကထာ၊ ပဌမသုတ္တန် အကျယ်ပြခြင်း}

Popular Posts