"ဘာကိုပေးမူ၊ ဘယ်သို့ဟူ၊ သုံးလူ ဘယ်သို့ညွှန်းသနည်း"

"ဘာကိုပေးမူ၊ ဘယ်သို့ဟူ၊ သုံးလူ ဘယ်သို့ညွှန်းသနည်း"

-အဘယ်အရာကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်ပါသနည်း၊

-အဘယ်အရာကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်ပါသနည်း၊

- အဘယ် အရာကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည်
မည်ပါသနည်း၊

- အဘယ်အရာ ကို ပေးလှူသူသည် မျက်စိကို ပေးလှူသည် မည်ပါသနည်း၊

- အဘယ်သူသည် အလုံးစုံသော အရာကို ပေးလှူသည် မည်ပါသနည်း၊

ဤသို့မေးအပ်သော အကျွန်ုပ် အား ထိုအကြောင်းကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။
.......................................................

- ဆွမ်းကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်၏၊

- အဝတ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်၏၊

- ယာဉ်ကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်၏၊

- ဆီမီးကို ပေးလှူသူသည် မျက်စိကို ပေးလှူ သည် မည်၏၊

- နေရာ (ကျောင်းစသည်) ကို ပေးလှူသူသည်ကား အလုံးစုံကို ပေးလှူ သည် မည်၏၊

- တရားကို ပြသပြောဟောသူသည် အမြိုက် (နိဗ္ဗာန်) ကို ပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။

{သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊ ဒေဝတာသံယုတ်၊ အာဒိတ္တဝဂ်၊ ကိံဒဒသုတ်}

Popular Posts