မင်းကွန်းတိပိဋကဓရ ဆရာတော်၏ နည်းညွှန်းဥပဒေသ

မင်းကွန်းတိပိဋကဓရ ဆရာတော်၏ နည်းညွှန်းဥပဒေသ

သဒ္ဓါကြည်ညို ၊ ရိုသေလှစွာ ၊ အခါကိုသိ ၊ မစွန်းငြိပဲ ၊
မထိမပါး ၊ လှူတုံငြား ၊ ငါးပါးသပ္ပုရိသ မြတ်ဒါန ။

* သဒ္ဓါကြည်ရွှင် လှူဒါန်းလျှင် ဆင်းပြင်ရုပ်ရည်လှ ၊

* ရိုသေလှူငြား သူ့စကား အများနာယူရ ၊

* အခါသိသဖြင့် လှူတုံလင့် ချိန်သင့်ကောင်းကျိုးရ ၊

* မစွန်းငြိတောင်း လှူတုံရှောင်း အကောင်းသုံးဆောင်ရ ၊

* မထိမပါး လှူတုံငြားမူ ထိုသည့်သူ၏ ပြောထူများပြား
စည်းစိမ်အား ငါးပါးရန်မခ ၊

ဒါနပြုသော် ဤငါးဖော် ညီလျော်ပြုကုန်ကြ ။ ။

သာသနာနှစ်၊ ၂၅၃၅၊
ကောဇာသက္ကရာဇ်၊ ၁၃၅၃၊ ခုနှစ်၊ ကဆုန်လပြည့်ကျော်၊၅၊ရက်
ခရစ်၊ ၁၉၉၁၊ခုနှစ်၊ မေလ၊ ၂ ၊ရက်

Popular Posts